Islamic Donation @ အစ္စလာမ်နှင့်သက်ဆိုင်သော အလှုဒါန
Online Islamic Group In Myanmar  
  ပင်မစာမျက်နှာ
  ဆက်သွယ်ရန်
  Islamic Photos
  Forum
  ဧည့်မှတ်တမ်း
  Qu`ran
  Newsletter
ပင်မစာမျက်နှာ
နွေးထွေးစွာကြိုဆိုပါ၏ ။
မိတ်ဆွေ
ကျေးဇူးတင်ပါတယ် မိတ်ဆွေ
Google ၀န်ဆောင်မှု
Open tab links in browser window instead.
ကျွန်တော်တို့ မွတ်စလင်မ် အွန်လိုင်း လူငယ်များ အနေနဲ့ စုပေါင်းပြီးတော့ ဒီအင်တာနက်စာမျက်နှာလေးကို လုပ်ထားခြင်းဖြစ်ပါတယ်။ အစ္စလာမ် ရဲ. ကဏ္ဍအသီးသီးနဲ့ ပတ်သက်ပြီး ၊ မိမိဘ၀ ရဲ.ပြသာနာများနဲ့ပတ်သက်ပြီးဆွေးနွေးချင် ဖလှယ်ချင်တယ် ၊ မိမိမသိရှိသေးတဲ့ အကြောင်းအရာများ ၊ အိုင်တီပညာရပ်များ နဲ့ ပတ်သက်ပြီး မေးမြန်းချင်တယ် စတဲ့ရည်ရွယ်ချက် များ ၊ အွန်လိုင်း မွတ်စ္စလင်မ် သူငယ်ချင်းများ စုပေါင်းကောင်းမှုများ ၊ အလှုဒါနများ လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်များနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။
အွန်လိုင်းမွတ်စ္စလင်မ် လူငယ်များ တနေရာ တည်းတွင်စုစည်းမိခြင်း အားဖြင့် ပိုမိုရင်းနှီးချစ်ခင်လာစေရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့ရဲ.ဘ၀ခရီးမှာ ဖြောင့်မတ်မှန်ကန်သော လမ်းကိုလျှောက်လှမ်းဖို့အတွက် ကျွန်တော်တို့ရဲ.တွေ့ဆုံမှုလေးက အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။
ဆေးရုံ ၊ ဆေးခန်း ၊ ဘိုးဘွားရိပ်သာ ၊ မိဘမဲ့ဂေဟာ ၊ မဒရ်ဆာ ၊ ဂျမသ်ခါနာ ၊ ဆင်းရဲသားများ အစရှိသည်တို့ကို တတ်နိုင်သလောက် အလှုငွေများကို ကျွန်တော်တို့ လူငယ်တွေစုပြီးတော့ လှုဒါန်းချင်ပါတယ် ။ အင်ရှာအလ္လာဟ် မွတ်စလင်မ် ညီအစ်ကို မောင်နှမ များလည်းပါဝင်မယ်လို့မျှော်လင့်ပါတယ် ။ အခုလက်ရှိ ဒီအစီအစဉ်ကို ကျွန်တော်တို့ သူငယ်ချင်းများ တိုင်ပင်ဆွေးနွေးပြီးတော့ မိတ်ဆွေများကို တင်ပြခြင်းဖြစ်ပါတယ် ။ အကယ်၍ များမိတ်ဆွေများအနေနဲ့ စိတ်ပါဝင်စားမယ်ဆိုရင် islamic.donation@gmail.com ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ။ ကျွန်တော်တို့ ရဲ. အားနည်းချက်ကြောင့် မွတ်စလင်မ် ညီအစ်ကို မောင်နှမ များကို နားလည်အောင်မပြောပြတတ်တာကို ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ် ။
မွတ်စလင်မ် ညီအစ်ကို မောင်နှမ များအနေနဲ့လည်း ဇြစ်စေချင်တဲ့ဆန္ဒများကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးလို့ရပါတယ် ။ Islamic Donation အနေနဲ့ ၃လ သို့ ၆လ ၁ကြိမ် လှုဒါန်းခြင်းပြုလုပ်ချင်ပါတယ် ။ အားလုံး အပေါ်မှာ အလ္လာဟ် ရဲ. ရဟ်မသ် ကျရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

 

ဘယ်အချိန်ရှိပီလဲ ?  
   
ယခု နှင့် ယခင် လာရောက်လည်ပတ်သူဦးရေ  
  Zenerx
 
Date Converter  
 
Date Conversion
Gregorian to Hijri Hijri to Gregorian
Day: Month: Year
 
Today, there have been 43 visitors (99 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free